XAUUSD (Daily) 28-01-2018

XAUUSD Daily Chart ကိုေလ့လာၾကည့္မယ္ဆိုရင္ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အျမင့္ဆံုးေရာက္ရွိခဲ့တဲ့ေစ်း ၁၃၆၅.၉၅ ဟာ ၂၀၁၆ ခုႏွစ္ ၈ လပိုင္း ၃ ရက္ေန႔ေနာက္ပိုင္း ၁၇လ အၾကာမွာ ပထမဦးဆံုးအႀကိမ္ ျပန္လည္ ေရာက္ရွိခဲ့ျခင္း ျဖစ္ပါတယ္။ ၾကာသပေတးေန႔မွာဘဲ ၁၇ လအေတာအတြင္းမွာ အျမင့္ဆံုးျဖစ္ၿပီး Resistance Level လဲျဖစ္တဲ့ ၁၃၆၅.၉၅ ကိုထိၿပီး Bounce ျပန္ျဖစ္ခဲ့ကာ ၁၃၄၂.၂၁ ထိ အနိမ့္ဆံုး ေရာက္ခဲ့ၿပီး ၁၃၄၈.၁၅ မွာ ေစ်းပိတ္သြားခဲ့ပါတယ္။ Resistance Zone / Resistance Level  ဆိုတာ Seller မ်ား ႀကီးစိုးရာ နယ္ေျမမ်ားျဖစ္ပါတယ္။ ေသာၾကာေန႔မွာေတာ့ ၁၃၄၈.၁၅ နဲ႔ ေစ်းျပန္ဖြင့္ခဲ့ၿပီး အျမင့္ဆံုး ၁၃၅၇ ထိေရာက္ခဲ့ကာ ၁၃၅၀.၆၆ နဲ႔ ေစ်းပိတ္ခဲ့တာပါ။

ေသာၾကာေန႔ရဲ႕ ေစ်းသြားလာပံုကို ေလ့လာၾကည့္မယ္ဆိုရင္….

ေသာၾကာေန႔ ေစ်းဖြင့္ခ်ိန္ကတည္းက မေန႔က(ၾကာသပေတး)ေရာက္ခဲ့တဲ့ ေစ်းထိသြားဖို႔ ႀကိဳးစားခဲ့ေပမယ့္ Seller ေတြရဲ႕ တိုက္စစ္ကို မယွဥ္ႏိုင္တဲ့အတြက္ လိုခ်င္တဲ့ ပြိဳင့္အထိ တက္ေရာက္သိမ္းပိုက္ခြင့္မရခဲ့ဘဲ….. အတက္ အနည္းငယ္နဲ႔သာ ေစ်းပိတ္ခဲ့ရပါတယ္။

Resistance Level မ်ားကေတာ့…..

  • Resistance Level 1 – 1357.79
  • Resistance Level 2 – 1366.40
  • Resistance Level 3 – 1391.23 တို႔ျဖစ္ၾကၿပီး

Support Level မ်ားကေတာ့…..

  • Support Level 1 – 1342.21
  • Support Level 2 -1333.82
  • Support Level 3 -1324.14 တို႔ဘဲ ျဖစ္ၾကပါတယ္။

အႏွစ္ခ်ဳပ္ရမယ္ဆိုရင္ေတာ့…..

  1. Resistance Zone ကို ထိၿပီး Bounce ျဖစ္လာျခင္း
  2. ၾကာသပေတးေန႔ရဲ႕ အျမင့္ဆံုးေစ်းထိ ေရာက္ေအာင္မတက္ႏိုင္ဘဲ ျပန္က်လာျခင္း
  3. လက္ရွိေစ်း၏ ေအာက္ဘက္တြင္ Buyer မ်ားႀကီးစိုးရာ နယ္ေျမရွိေနျခင္း

တို႔ေၾကာင့္ ေစ်းျပန္တက္ဖို႔ ရွိခဲ့မယ္ဆိုရင္ေတာင္ Support Level 2 နဲ႔ 3 အထိ ေရာက္ေအာင္ ဆင္းၿပီး ျပန္လည္ အားယူလိမ့္ဦးမယ္လို႔ ယူဆခ်င္ပါတယ္။

Weekly Chart နဲ႔ ေလ့လာၾကည့္မယ္ ဆိုရင္လဲ Triangle Resistance ကို ထိၿပီး Bounce ျဖစ္လာေသာ Candle Stick Pattern ဟာ Shooting Star အလွအပႀကီး မဟုတ္ေပမယ့္ Resistance Bounce နဲ႔ တြဲၿပီး ၾကည့္လိုက္မယ္ဆိုရင္ေတာ့ စိတ္၀င္စားစရာ တစ္ခုေတာ့ ျဖစ္ေနမယ္ဆိုတာေတာ့ ေသခ်ာေနပါတယ္။

ယခု Post ေလးဟာ Traders မ်ားအတြက္ အက်ဳိးရွိတယ္လို႔ ယူဆမိရင္ Like, comment, share မ်ား ျပဳလုပ္ေပးျခင္းဟာ ေနာက္ထပ္ TA Post ေလးေတြ ေရးဖို႔ အတြက္ အင္အားမ်ား ျဖစ္ေစမွာ ျဖစ္ပါတယ္။

Trader မ်ားအားလံုး အျမတ္မ်ားမ်ား ရႏိုင္ၾကပါေစဗ်ာ…။

Phoenix T

28-01-2018 (06:35 AM)

Unicode

XAUUSD Daily Chart ကိုလေ့လာကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမြင့်ဆုံးရောက်ရှိခဲ့တဲ့ဈေး ၁၃၆၅.၉၅ ဟာ ၂၀၁၆ ခုနှစ် ၈ လပိုင်း ၃ ရက်နေ့နောက်ပိုင်း ၁၇လ အကြာမှာ ပထမဦးဆုံးအကြိမ် ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာဘဲ ၁၇ လအတောအတွင်းမှာ အမြင့်ဆုံးဖြစ်ပြီး Resistance Level လဲဖြစ်တဲ့ ၁၃၆၅.၉၅ ကိုထိပြီး Bounce ပြန်ဖြစ်ခဲ့ကာ ၁၃၄၂.၂၁ ထိ အနိမ့်ဆုံး ရောက်ခဲ့ပြီး ၁၃၄၈.၁၅ မှာ ဈေးပိတ်သွားခဲ့ပါတယ်။ Resistance Zone / Resistance Level ဆိုတာ Seller များ ကြီးစိုးရာ နယ်မြေများဖြစ်ပါတယ်။ သောကြာနေ့မှာတော့ ၁၃၄၈.၁၅ နဲ့ ဈေးပြန်ဖွင့်ခဲ့ပြီး အမြင့်ဆုံး ၁၃၅၇ ထိရောက်ခဲ့ကာ ၁၃၅၀.၆၆ နဲ့ ဈေးပိတ်ခဲ့တာပါ။

သောကြာနေ့ရဲ့ ဈေးသွားလာပုံကို လေ့လာကြည့်မယ်ဆိုရင်….

သောကြာနေ့ ဈေးဖွင့်ချိန်ကတည်းက မနေ့က(ကြာသပတေး)ရောက်ခဲ့တဲ့ ဈေးထိသွားဖို့ ကြိုးစားခဲ့ပေမယ့် Seller တွေရဲ့ တိုက်စစ်ကို မယှဉ်နိုင်တဲ့အတွက် လိုချင်တဲ့ ပွိုင့်အထိ တက်ရောက်သိမ်းပိုက်ခွင့်မရခဲ့ဘဲ….. အတက် အနည်းငယ်နဲ့သာ ဈေးပိတ်ခဲ့ရပါတယ်။

Resistance Level များကတော့…..

  • Resistance Level 1 – 1357.79
  • Resistance Level 2 – 1366.40
  • Resistance Level 3 – 1391.23 တို့ဖြစ်ကြပြီး

Support Level များကတော့…..

  • Support Level 1 – 1342.21
  • Support Level 2 -1333.82
  • Support Level 3 -1324.14 တို့ဘဲ ဖြစ်ကြပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင်တော့…..

  1. Resistance Zone ကို ထိပြီး Bounce ဖြစ်လာခြင်း
  2. ကြာသပတေးနေ့ရဲ့ အမြင့်ဆုံးဈေးထိ ရောက်အောင်မတက်နိုင်ဘဲ ပြန်ကျလာခြင်း
  3. လက်ရှိဈေး၏ အောက်ဘက်တွင် Buyer များကြီးစိုးရာ နယ်မြေရှိနေခြင်း

တို့ကြောင့် ဈေးပြန်တက်ဖို့ ရှိခဲ့မယ်ဆိုရင်တောင် Support Level 2 နဲ့ 3 အထိ ရောက်အောင် ဆင်းပြီး ပြန်လည် အားယူလိမ့်ဦးမယ်လို့ ယူဆချင်ပါတယ်။

Weekly Chart နဲ့ လေ့လာကြည့်မယ် ဆိုရင်လဲ Triangle Resistance ကို ထိပြီး Bounce ဖြစ်လာသော Candle Stick Pattern ဟာ Shooting Star အလှအပကြီး မဟုတ်ပေမယ့် Resistance Bounce နဲ့ တွဲပြီး ကြည့်လိုက်မယ်ဆိုရင်တော့ စိတ်ဝင်စားစရာ တစ်ခုတော့ ဖြစ်နေမယ်ဆိုတာတော့ သေချာနေပါတယ်။

ယခု Post လေးဟာ Traders များအတွက် အကျိုးရှိတယ်လို့ ယူဆမိရင် Like, comment, share များ ပြုလုပ်ပေးခြင်းဟာ နောက်ထပ် TA Post လေးတွေ ရေးဖို့ အတွက် အင်အားများ ဖြစ်စေမှာ ဖြစ်ပါတယ်။

Trader များအားလုံး အမြတ်များများ ရနိုင်ကြပါစေဗျာ…။

Phoenix T

28-01-2018 (06:35 AM)

 

Spread the word. Share this post!

Leave Comment