Forex Trading လောက၏ သံမဏိစည်းမျဉ်း (၁၀) ချက် အပိုင်း(၂)
Image may contain: one or more people
Rule #2: Bank Your Gains
အောင်မြင်နေကြတာပါ။
လုပ်ပါတယ်။
လိုက်ပါတယ်။
ထုတ်ကြပါတယ်။ )
မျိုးအိမ်ဇန်
Founder & Chief Analyst
Project X Trading Team
Unicode
စည်းကမ်းချက်(၂) မိမိ၏ အမြတ်ငွေများကို ထုတ်ယူ အသုံးပြု/ စုဆောင်းပါ
Rule #2: Bank Your Gains
Forex Trading လောကမှာ အဓိက လည်ပတ်နေတဲ့ စိတ်ခံစားမှု သုံးမျိုးဟာ Greed ( လောဘ ),
Hope ( မျှော်လင့်ချက် ) နဲ့ Fear ( ကြောက်စိတ် ) တို့ပဲဖြစ်ပါတယ်။ Trader တွေဆီမှာ ဒီ emotion
သုံးမျိုးဟာ အလှည့်ကျ လည်ပတ်နေကြပါတယ်။
Professional တွေဟာ လူအများမသိတဲ့ Fundamental တွေ၊ Technical တွေ သုံးပြီး trade
လို့မြတ်နေတာလို့ မထင်ပါနဲ့။ သူတို့ဟာ အဲဒီ Emotion တွေကို manage လုပ် ထိန်းချုပ်ကိုင်တွယ်နိုင်လို့
အောင်မြင်နေကြတာပါ။
အဆိုးဆုံးကတော့ ” Greed လောဘ ” ပါပဲ။ Trader အများစုဟာ greed ကြောင့် အမှားတစ်ခုလုပ်လိုက်ပြီ
ဆိုတာနဲ့ နောက်ထပ် အမှားတွေကပါ ဆက်တိုက်လိုက်လာပြီး နောက်ဆုံး account ပျက်သွားတာပါပဲ။
သူတို့ကို ဘယ်အရာက အဆုံးထိ ဖျက်ဆီးပစ်လိုက်တာလဲ သူတို့ မသိကြပါဘူး။ တကယ်တော့ account
ပျက်ခြင်းရဲ့ တရားခံဟာ ” Greed ” ပါပဲ။
Trade တစ်ခုမှာ ဘယ်လောက်မြတ်သွားပြီလို့ profit screenshot တွေ group တွေမှာ မကြာမကြာ
တင်တဲ့သူတွေဟာ account ခဏခဏ ပျက်တဲ့သူတွေပါပဲ။
Professional တွေရဲ့ mindset ကို ပြောပြပါမယ်။
Successful Professtional Trader တွေဟာ P & L ( profit & loss ) ထက် မိမိရဲ့ Discipline စည်းကမ်းနဲ့
Strategy နည်းဗျူဟာ လိုက်နာမှု Process အပေါ်မှာပဲ စိတ်ကို အာရုံစိုက်ထားပါတယ်။ ကိုယ်
လုပ်သင့်လုပ်ထိုက်တာကို စည်းကမ်းတကျ လုပ်ရင် profit ဆိုတာ နောက်ကလိုက်လာမယ်ဆိုတာ
အတွေ့အကြုံအရ သိနေပြီကိုး။
Trade တွေကို လက်စသတ်လိုက်ပြီး profit က မိမိ trading account ထဲရောက်လာတာကို ” Book ”
လုပ်တယ်ခေါ်ပါတယ်။ Trader အကုန်လုံး Book လုပ်ကြပါတယ်။ မလုပ်တာ Bank မလုပ်တာပါ။
ဘာကြောင့် မိမိ အမြတ် profit ကို ထုတ်ပြီး လက်ဝယ် Bank မလုပ်တာလဲ ဆိုတော့ Greed
လောဘကြောင့်ပါ။ Account ကြီး ပိုပိုကြီးလာမယ်၊ နောက်လ အမြတ်တွေပိုရလာမယ်၊ lot size ကို
တိုး trade လို့ရမယ် စသည်ဖြင့် ” Greed ” ကို အဖော်ပြုရင်း စိတ်ကူးယဉ်ကြပါတယ်။ အဲဒီ အိပ်မက်တွေ
တကယ်ဖြစ်သွားတယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ Account ပျက်သွားတာက လူအများစုပါ။
ကျွန်တော်ဆိုရင် အမြဲတမ်း Book လုပ်ပြီးသား profit ကို withdraw လုပ်ပြီး သုံးမျိုး ပြန်ခွဲသုံးပါတယ်။
Invest , Reward & Bank ပါ။ $10,000 မှာ 15% မြတ်တဲ့လ ဆိုပါစို့။ ရလာတဲ့ $1,500 ထဲက $500 ကို
Education ( self investment )အတွက် သုံးပါတယ်။ မရှိမှ Account ထဲ ဆက်ထားပြီး invest
လုပ်ပါတယ်။
နောက်တစ်ခုက Trading မှာ ကျွန်တော်တို့ မမြင်ရတဲ့ စိတ်ပင်ပန်းမှုတွေရှိပါတယ်။ အောင်မြင်တဲ့ အချိန်မှာ
ကိုယ့်ကိုယ်ကိုယ် လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုရပါတယ်။ ကျွန်တော်ဆို မိဘကိုကန်တော့တာ၊
ကိုယ့်ကိုယ်ကိုယ် နာရီဝယ်ပေးတာ၊ အသုံးဝင်တဲ့ တန်ဖိုးကြီးပစ္စည်းတစ်ခု ဝယ်တာမျိုး လုပ်ပေးပါတယ်။
Trader အများစုဟာ စိတ်ကူးတွေပဲ ယဉ်နေပြီး ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ဆုမချီးမြှင့်ကြပါဘူး။
နောက်ဆုံးတစ်ခုက Bank လုပ်တာပါ။ ကျန်နေသေးတဲ့ $500 ကို Backup အနေနဲ့ပဲ ဖြစ်ဖြစ် စုဆောင်းထား
လိုက်ပါတယ်။
( Profit withdrawal ကို တစ်ချို့က တစ်လတစ်ခါ၊ တစ်ချို့က တစ် quarter ( 3 months ) တစ်ခါ
ထုတ်ကြပါတယ်။ )
၉၀% သော Loser-Traders တွေဟာ ” Bank your gains ” ကို ဘယ်တော့မှ မလုပ်ပါဘူး။
Self-Invest မလုပ်တဲ့အတွက် Education ပိုင်းဟာ တကယ် စနစ်တကျ တတ်မြောက်မလာတော့ပါဘူး။
တကယ်တော့ Trading မှာ education အတွက် ငွေနှမျောလို့ မရပါဘူး။
( ကျွန်တော်ကတော့ Greed တွေနဲ့ စိတ်ကူးမယဉ်တဲ့အတွက် Self-investment အတွက် profit ထုတ်ငွေနဲ့
၂၀၁၇ မှာ ကျွန်တော်အကြိုက်ဆုံး Wall Street ရဲ့ Price Action Trader တစ်ယောက်ကို ကျွန်တော့် coach
အနေနဲ့ ထားနိုင်ခဲ့ပါတယ် )
Reward မလုပ်တဲ့အတွက် ရှုံးရင် စိတ်ဓာတ်ပိုကျလွယ်ပါတယ်။ Account ထဲမှာတင်မြတ် Account ထဲမှာ
တင် အကုန်ပျောက်ကွယ်သွားတာကိုး။
Bank မလုပ်တဲ့အတွက် အကြောင်းတစ်ခုခုရှိလာရင် Backup Money မရှိတဲ့ အတွက် Trading Account
ထဲက ပိုက်ဆံကို ကိုယ်ရေးကိုယ်တာအတွက် ထုတ်သုံးကြရပါတယ်။ အားမနာတမ်း ပြောရရင်
ကိုယ်ရေးကိုယ်တာ အတွက် Trading Account ထဲ အရင်း capital ငွေကို ထုတ်သုံးတတ်တဲ့ Trader မျိုးဟာ
ဘယ်တော့မှ ဒီလောကမှာ မအောင်မြင်နိုင်ပါဘူး။
အဆုံးသတ်ရရင် ဘယ်အရာက ကျွန်တော့်ကို Professional ဖြစ်လာစေတာလဲ ဆိုရင် ဒီ Rule တွေပါပဲ။
သေချာဖတ်ကြည့်ပြီးသွားရင် လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။
လိုက်နာကြည့်ပါ။ အောင်မြင်မှု အတွက် နောက်ထပ်ခြေတစ်လှမ်းလို့ ရဲရဲဝံ့ဝံ့ ကျွန်တော်အာမခံပါတယ်။
မျိုးအိမ်ဇန်
Founder & Chief Analyst
Project X Trading Team
Spread the word. Share this post!
Leave Comment