Alibaba Group ကုိတြဲဖက္တည္ေထာင္သူနဲ႔ အမွဳေဆာင္ ဥကၠ႒ျဖစ္တဲ႔ ဂ်က္မာ

Alibaba Group ကုိတြဲဖက္တည္ေထာင္သူနဲ႔ အမွဳေဆာင္ ဥကၠ႒ျဖစ္တဲ႔ ဂ်က္မာ

ဂ်က္မာလို႔လူသိမ်ားတဲ႔ မာယြမ္တိုကို ၁၉၆၄ခုႏွစ္ စက္တင္ဘာလ ၁၀ရက္မွာ

ေမြးဖြားခဲ႔ပါတယ္။ ဂ်က္မာဟာ တရုတ္လူမ်ိဳး စီးပြားေရးလုပ္ငန္းရွင္ႀကီး၊ ရင္းႏွီးျမွဳပ္ႏွံသူနဲ႔

ပရဟိတသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ကုမၸဏီေတြ စုေပါင္းထားတဲ႔ နည္းပညာ

ေကာ္ပိုေရးရွင္း Alibaba Group ကုိတြဲဖက္တည္ေထာင္သူတစ္ဦး ျဖစ္ၿပီး အမွဳေဆာင္

ဥကၠ႒လည္းျဖစ္ပါတယ္။

ဂ်က္မာဟာ တရုတ္စီးပြားေရးလုပ္ငန္းအတြက္ ကမၻာလံုးဆုိင္ရာသံအမတ္အျဖစ္

ရွဴျမင္ခံရၿပီး Forbes ရဲ႕ကမၻာေပၚက ၾသဇာအာဏာအရွိဆံုး ပုဂၢိဳလ္ထဲမွာလည္း တစ္ဦး

အပါအ၀င္ျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္အတြင္း ဂ်က္မာဟာ fortuneရဲ႕ႏွစ္စဥ္ထုတ္ျပန္ေနက်

“ကမၻာေပၚက အထူးခ်ြန္ဆံုးေခါင္းေဆာင္ (၅၀)” စာရင္းထဲမွာ ဒုတိယေနရာကေန

ရပ္တည္ေနပါတယ္။

ဂ်က္မာကို တရုတ္ႏုိင္ငံ က်ိဳးက်န္းစီရင္စု၊ ဟန္ဇူးၿမိဳ႕မွာ ေမြးဖြားခဲ႔ပါတယ္။ ဂ်က္မာအေနနဲ႔

အသက္ငယ္ငယ္ ကတည္းက အဂၤလိပ္စာကိုသင္ယူခဲ႔ၿပီး ဟန္ဇူးအျပည္ျပည္ဆိုင္ရာ

ဟုိတယ္က အဂၤလိပ္စာကုိ သင္ယူခဲ့ၿပီး ဟန္ဇူးအျပည္ျပည္ဆိုင္ရာ ဟိုတယ္က

အဂၤလိပ္စကားေျပာလူမ်ိဳးေတြနဲ႔ စကားလက္ဆံုေျပာေလ႔ရွိပါတယ္။

ဂ်က္မာဟာ အဂၤလိပ္စာကိုေလ့က်င့္ဖို႔ ကမၻာလွည့္ခရီးသြားေတြကို လွည့္လည္ျပသမွဳ

ျပဳလုပ္ဖုိ႔ ၉ႏွစ္တုိင္တုိင္ မိုင္ ၇၀ခရီးကိုစက္ဘီးနဲ႔ သြားခဲ့ပါတယ္။ သူကုိယ္တိုင္လမ္းညႊန္ေပး

ရတဲ႔ ႏုိင္ငံျခားသားေတြထဲက တစ္ဦးနဲ႔ စာပံုမွန္ဆက္သြယ္ခဲ႔ပါတယ္။ အဲဒီႏိုင္ငံျခားသားက

သူ႔နာမည္ ေခၚရခက္တဲ႔အတြက္ ခ်စ္စႏုိးအျဖစ္ ဂ်က္လုိ႔ေပးခဲ႔ပါတယ္။

လူငယ္ဘ၀တုန္းက ဂ်က္မာဟာ ေကာလိပ္တက္ဖို႔ ရုန္းကန္ခဲ႔ရပါတယ္။ တရုတ္ရဲ႕၀င္ခြင့္

စာေမးပြဲဟာ တစ္ႏွစ္မွာ တစ္ႀကိမ္သာလုပ္ၿပီး ၀င္ခြင့္စာေမးပြဲေအာင္ျမင္ဖို႔ ဂ်က္မာ

ေလးႏွစ္ေလာက္ ႀကိဳးစားခဲ႔ရပါတယ္။ ေနာက္ေတာ႔ ဂ်က္မာဟာ ဟန္ဇူးဆရာျဖစ္

တကၠသုိလ္ကုိတက္ေရာက္ခဲ႔ၿပီး ၁၉၈၈ခုႏွစ္မွာ အဂၤလိပ္စာနဲ႔ B.A ဘြဲ႔ရရွိခဲ႔ပါတယ္။

ေက်ာင္းမွာ ဂ်က္မာဟာ ေက်ာင္းသားေကာင္စီအႀကီးအကဲ ျဖစ္ခဲ႔ပါတယ္။ ဘြဲ႔ရၿပီးတဲ႔အခါမွာ

ဟန္ဇူးဒိုင္ယန္ဇီတကၠသိုလ္က အဂၤလိပ္စာနဲ႔ အျပည္ျပည္ဆိုင္ရာ ကုန္သြယ္ေရးသင္ခန္းစာ

ပုိ႔ခ်သူ ျဖစ္လာပါတယ္။ ေနာက္ပုိင္းမွာ ဂ်က္မာအေနနဲ႔ ေဘက်င္းအေျခစိုက္ ခ်န္ေကာင္း

ဘြဲ႔လြန္ စီးပြားေရးေက်ာင္းမွာ စာရင္းေပးသြင္းခဲ႔ၿပီး ၂၀၀၆ခုႏွစ္မွာ ဘြဲ႔ရရွိခဲ႔ပါတယ္။

၂၀၁၇ခုႏွစ္မွာ ဂ်က္မာဟာ သရုပ္ေဆာင္လုပ္ငန္းထဲ ၀င္ခဲ႔ၿပီးကြန္ဖူးဇာတ္လမ္းတို

Gong Shou Dao မွာပါ၀င္သရုပ္ေဆာင္ခဲ့ပါတယ္။

Source – Internet Journal

Unicode

ဂျက်မာလို့လူသိများတဲ့ မာယွမ်တိုကို ၁၉၆၄ခုနှစ် စက်တင်ဘာလ ၁၀ရက်မှာ

မွေးဖွားခဲ့ပါတယ်။ ဂျက်မာဟာ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ကြီး၊ ရင်းနှီးမြှုပ်နှံသူနဲ့

ပရဟိတသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ကုမ္ပဏီတွေ စုပေါင်းထားတဲ့ နည်းပညာ

ကော်ပိုရေးရှင်း Alibaba Group ကိုတွဲဖက်တည်ထောင်သူတစ်ဦး ဖြစ်ပြီး အမှုဆောင်

ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။

ဂျက်မာဟာ တရုတ်စီးပွားရေးလုပ်ငန်းအတွက် ကမ္ဘာလုံးဆိုင်ရာသံအမတ်အဖြစ်

ရှူမြင်ခံရပြီး Forbes ရဲ့ကမ္ဘာပေါ်က သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်ထဲမှာလည်း တစ်ဦး

အပါအဝင်ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း ဂျက်မာဟာ fortuneရဲ့နှစ်စဉ်ထုတ်ပြန်နေကျ

“ကမ္ဘာပေါ်က အထူးချွန်ဆုံးခေါင်းဆောင် (၅၀)” စာရင်းထဲမှာ ဒုတိယနေရာကနေ

ရပ်တည်နေပါတယ်။

ဂျက်မာကို တရုတ်နိုင်ငံ ကျိုးကျန်းစီရင်စု၊ ဟန်ဇူးမြို့မှာ မွေးဖွားခဲ့ပါတယ်။ ဂျက်မာအနေနဲ့

အသက်ငယ်ငယ် ကတည်းက အင်္ဂလိပ်စာကိုသင်ယူခဲ့ပြီး ဟန်ဇူးအပြည်ပြည်ဆိုင်ရာ

ဟိုတယ်က အင်္ဂလိပ်စာကို သင်ယူခဲ့ပြီး ဟန်ဇူးအပြည်ပြည်ဆိုင်ရာ ဟိုတယ်က

အင်္ဂလိပ်စကားပြောလူမျိုးတွေနဲ့ စကားလက်ဆုံပြောလေ့ရှိပါတယ်။

ဂျက်မာဟာ အင်္ဂလိပ်စာကိုလေ့ကျင့်ဖို့ ကမ္ဘာလှည့်ခရီးသွားတွေကို လှည့်လည်ပြသမှု

ပြုလုပ်ဖို့ ၉နှစ်တိုင်တိုင် မိုင် ၇၀ခရီးကိုစက်ဘီးနဲ့ သွားခဲ့ပါတယ်။ သူကိုယ်တိုင်လမ်းညွှန်ပေး

ရတဲ့ နိုင်ငံခြားသားတွေထဲက တစ်ဦးနဲ့ စာပုံမှန်ဆက်သွယ်ခဲ့ပါတယ်။ အဲဒီနိုင်ငံခြားသားက

သူ့နာမည် ခေါ်ရခက်တဲ့အတွက် ချစ်စနိုးအဖြစ် ဂျက်လို့ပေးခဲ့ပါတယ်။

လူငယ်ဘဝတုန်းက ဂျက်မာဟာ ကောလိပ်တက်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ တရုတ်ရဲ့ဝင်ခွင့်

စာမေးပွဲဟာ တစ်နှစ်မှာ တစ်ကြိမ်သာလုပ်ပြီး ဝင်ခွင့်စာမေးပွဲအောင်မြင်ဖို့ ဂျက်မာ

လေးနှစ်လောက် ကြိုးစားခဲ့ရပါတယ်။ နောက်တော့ ဂျက်မာဟာ ဟန်ဇူးဆရာဖြစ်

တက္ကသိုလ်ကိုတက်ရောက်ခဲ့ပြီး ၁၉၈၈ခုနှစ်မှာ အင်္ဂလိပ်စာနဲ့ B.A ဘွဲ့ရရှိခဲ့ပါတယ်။

ကျောင်းမှာ ဂျက်မာဟာ ကျောင်းသားကောင်စီအကြီးအကဲ ဖြစ်ခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့အခါမှာ

ဟန်ဇူးဒိုင်ယန်ဇီတက္ကသိုလ်က အင်္ဂလိပ်စာနဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးသင်ခန်းစာ

ပို့ချသူ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ ဂျက်မာအနေနဲ့ ဘေကျင်းအခြေစိုက် ချန်ကောင်း

ဘွဲ့လွန် စီးပွားရေးကျောင်းမှာ စာရင်းပေးသွင်းခဲ့ပြီး ၂၀၀၆ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပါတယ်။

၂၀၁၇ခုနှစ်မှာ ဂျက်မာဟာ သရုပ်ဆောင်လုပ်ငန်းထဲ ဝင်ခဲ့ပြီးကွန်ဖူးဇာတ်လမ်းတို

Gong Shou Dao မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Source – Internet Journal

Spread the word. Share this post!

Leave Comment