အဂၤါေန႔မနက္ပုိင္း အာရွေစ်းကြက္

ေရနံ

ေရနံေစ်းဟာ ဒီေန႔မနက္မွာ ၅ ရက္ဆက္အျဖစ္ တက္လာခဲ့ၿပီး ၀ယ္လုိအားတက္လာမယ္

ဆုိတဲ့ ေမွ်ာ္လင့္ခ်က္ေတြ၊ အုိပက္နဲ႔ အေမရိကန္ shale တုိ႔ရဲ႕ တာ၀န္ရွိသူေတြရဲ႕

အစည္းအေ၀းအေပၚ အေကာင္းျမင္မႈေတြ ရွိေနတာေၾကာင့္ ျဖစ္ပါတယ္။

Brent မွာ ေရနံေစ်းဟာ ဒီေန႔မနက္အေစာပုိင္းမွာ ၁၉ ဆင့္၊ ၀.၂၉ ရာခုိင္ႏႈန္း တက္လာခဲ့ၿပီး

တစ္စည္ကုိ ၆၅.၇၃ ေဒၚလာ ရွိေနပါတယ္။ WTI မွာေတာ့ ၀.၂၇ ရာခုိင္ႏႈန္း ၁၇ ဆင့္တက္

ၿပီး ၆၂.၇၄ ေဒၚလာ ရွိေနပါတယ္။

ႏုိင္ငံတကာ စြမ္းအင္ေအဂ်င္စီ IEA က ကမၻာ့ ေရနံ၀ယ္လုိအားဟာ ေနာက္ထပ္ ၅ ႏွစ္

အတြင္းမွာ ဆက္လက္ တက္လာဖုိ႔ရွိတယ္လုိ႔ မေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ေငြေၾကး

ေငြေၾကးေစ်းကြက္မွာေတာ့ အေမရိကန္ေဒၚလာဟာ ဂ်ပန္ယန္းနဲ႔ယွဥ္ရင္ တက္လာခဲ့ၿပီး

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ စတီးနဲ႔ အလူမီနီယံသြင္းကုန္အေပၚ

အခြန္တုိးေကာက္မယ္ဆုိတဲ့ ေၾကျငာခ်က္က ကုန္သြယ္ေရးစစ္ပြဲ ျဖစ္လာႏုိင္တယ္ဆုိတဲ့

အယူအဆေတြ အားေပ်ာ့သြားတာေၾကာင့္ ျဖစ္ပါတယ္။

USDJPY ဟာ ၀.၁ ရာခုိင္ႏႈန္း တက္ကာ ၁၀၆.၃၀ ပြိဳင့္ ရွိေနၿပီး ေသာၾကာေန႔က

ေရာက္ခဲ့တဲ့ ၁၆ လအတြင္း အနိမ့္ဆံုးေစ်းကေန ျပန္တက္လာတာ ျဖစ္ပါတယ္။

Academic Team

Myanmar Golden Link

Unicode

ရေနံ

ရေနံဈေးဟာ ဒီနေ့မနက်မှာ ၅ ရက်ဆက်အဖြစ် တက်လာခဲ့ပြီး ဝယ်လိုအားတက်လာမယ်

ဆိုတဲ့ မျှော်လင့်ချက်တွေ၊ အိုပက်နဲ့ အမေရိကန် shale တို့ရဲ့ တာဝန်ရှိသူတွေရဲ့

အစည်းအဝေးအပေါ် အကောင်းမြင်မှုတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။

Brent မှာ ရေနံဈေးဟာ ဒီနေ့မနက်အစောပိုင်းမှာ ၁၉ ဆင့်၊ ဝ.၂၉ ရာခိုင်နှုန်း တက်လာခဲ့ပြီး

တစ်စည်ကို ၆၅.၇၃ ဒေါ်လာ ရှိနေပါတယ်။ WTI မှာတော့ ဝ.၂၇ ရာခိုင်နှုန်း ၁၇ ဆင့်တက်

ပြီး ၆၂.၇၄ ဒေါ်လာ ရှိနေပါတယ်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီ IEA က ကမ္ဘာ့ ရေနံဝယ်လိုအားဟာ နောက်ထပ် ၅ နှစ်

အတွင်းမှာ ဆက်လက် တက်လာဖို့ရှိတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

ငွေကြေး

ငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဟာ ဂျပန်ယန်းနဲ့ယှဉ်ရင် တက်လာခဲ့ပြီး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စတီးနဲ့ အလူမီနီယံသွင်းကုန်အပေါ်

အခွန်တိုးကောက်မယ်ဆိုတဲ့ ကြေငြာချက်က ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်တယ်ဆိုတဲ့

အယူအဆတွေ အားပျော့သွားတာကြောင့် ဖြစ်ပါတယ်။

USDJPY ဟာ ဝ.၁ ရာခိုင်နှုန်း တက်ကာ ၁၀၆.၃၀ ပွိုင့် ရှိနေပြီး သောကြာနေ့က

ရောက်ခဲ့တဲ့ ၁၆ လအတွင်း အနိမ့်ဆုံးဈေးကနေ ပြန်တက်လာတာ ဖြစ်ပါတယ်။

Academic Team

Myanmar Golden Link

Spread the word. Share this post!

Leave Comment